လ - မတ် 2026

ဘုရား၏ကတိတော်များအတိုင်း ဆုတောင်းခြင်း

ပိုက်ကျိုးနေသည်ကို ပြင်နေ၍ လက်ဆေးရေစင်အောက်၌ ခေါင်းထိုးထားရင်းမှ “မရဘူး။ သမီးရေကန်ကို မသွားရဘူး”ဟု ကျွန်ုပ်ပြောလိုက်သည်။ “သမီး အိမ်အလုပ်တွေပြီးရင် သွားရမယ်လို့ ဖေဖေ ကတိပေးထားတယ်လေ”ဟု သမီးက ပြန်ပြောသည်။ ပိုက်ပြင်ရင်း အလုပ်ရှုပ်နေသဖြင့် ကိုယ်ပြောခဲ့သည့်စကားကို ကိုယ်မေ့ပြီး၊ ကိုယ့်ကတိကိုယ် မေ့နေခဲ့သည်။

သမီးက ကျွန်ုပ်ကို သတိပေးသကဲ့သို့ ဆာလံဆရာလည်း ဘုရားသခင်အား သူ၏ကတိတော်များကို သတိပေးခဲ့သည်။ “အကျွန်ုပ်မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ”ဟု သူရေးခဲ့သည်(ဆာ ၁၁၉:၄၉)။ ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံရှင်အဘသည် အာရုံပျံ့လွင့်ပြီး မေ့လျော့တတ်သောဘုရား မဟုတ်သည့်အတွက် ကျေးဇူးတင်စရာပင်။ ကိုယ်တော်သည် ကောင်းမြတ်သောဖခင်ဖြစ်သည်ကို သိမှတ်လျက်၊ မိမိ၏နာကျင်မှုများ၊ ပြဿနာများ၊ စိတ်ပျက်အားငယ်မှုများနှင့် သာမက ယုံကြည်စိတ်ချမှုဖြင့် ကိုယ်တော်ထံ ချဉ်းကပ်နိုင်သည်။ “ဗျာဒိတ်တော် အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲကိုခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏” (:၅၀)။

သူမေ့လျော့ခြင်းကြောင့်…

မထင်မှတ်သော အံ့ဖွယ်ကြားဝင်လာမှု

ရှင်ပြန်ထမြောက်တော်မူရာနေ့ - အီစတာ အထူးစာမူ

ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း

 

နိဒါန်း

မထင်မှတ်သော  အံ့ဖွယ်ကြားဝင်လာမှု

 

ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကီသားတို့၏အပြစ်များကို မှတ်တော်မမူ၊
ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ - ကောရိန္သုသြဝါဒစာဒုတိယစောင် ၅း၁၉.

လွန်ခဲ့သောနှစ်ပေါင်း ၃၀ က ဥပုသ်စာဖြေကျောင်းအတန်း၌…

အသေးစိတ်ဂရုစိုက်တော်မူသော ဘုရားသခင်

ကျွန်မ၏တူမသည် မယ်သစ်လွင်ကောလိပ်ကျောင်းသူဖြစ်ပြီး ကျောင်းစာများ၊ နေရာအသစ်နှင့် အသားကျအောင် လုပ်နေရသဖြင့် အလုပ်များနေသည်။ လတ်တလောတွင် လုံခြုံရေးပြဿနာများကြောင့် ယာဉ်ဝင်ခွင့်လက်မှတ် လျှောက်ထားရန် လိုလာသည်။ ဤကိစ္စက သူမ၏ရှည်လျားလှသော လုပ်ဆောင်ရန်စာရင်းတွင် နောက်ထပ်အလုပ်တစ်ခု ထပ်တိုးလာမည်ဖြစ်၍ ကူညီရန် ကျွန်မကမ်းလှမ်းခဲ့သည်။ ကျောင်းရုံးခန်း၌ ကျွန်မမိနစ်အနည်းငယ်သာ ကြာခဲ့၍ သူမအံ့ဩသွားပြီး “ကျေးဇူးတင်ပါတယ်”ဟု သူမ ပြောခဲ့သည်။

ရိုးရှင်းပုံရသော ဤကိစ္စအတွက် ရုံးနှင့်ချိတ်ဆက်ဆောင်ရွက်ကာ၊ လျှောက်လွှာ၌ အမှားပြင်၊ မမျှော်လင့်ထားသောစာရွက်စာတမ်းများကို သွားယူ စသည်ဖြင့် နေ့တစ်ဝက်နီးပါး အချိန်ကုန်ခဲ့ခြင်းတို့ကို သူမ မသိပါ။ သို့သော် သူမကို ဤအကြောင်းများ မပြောခဲ့ဘဲ၊ “ရပါတယ်”ဟုသာ ပြောလိုက်သည်။

ချစ်ခြင်းမေတ္တာသည် အသေးစိတ်အချက်အလက်များကို အလေးထားသည်။ တူမလေးကို ကူညီသည့်ကိစ္စတွင် သူမသိလိုက်သော အသေးစိတ်ကိစ္စများကို ဂရုစိုက်ပေးခြင်းသည်ပင် ချစ်ခြင်းမေတ္တာဖြစ်သည်။ ဣသရေလလူမျိုးတို့ တောကန္တာရတွင် နေထိုင်စဉ် သူတို့၏အဝတ်အစားနှင့် ဖိနပ်များဟူသည့် အသေးအမွှားဟုထင်ရသော အသေးစိတ်ကိစ္စနှစ်ခု၌…

ခရစ်တော်အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်း

လွန်ခဲ့သောနှစ်အတန်ကြာက အနုပညာရှင် Michael Landy(မိုက်ကယ်လန်ဒီ)သည် သူပိုင်သောပစ္စည်းအားလုံးကို စာရင်းပြုစုရာတွင် ပစ္စည်းပေါင်း ၇,၂၂၇ ခု ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် သူလုပ်ခဲ့သည့်အရာက အံ့ဩစရာပါ။ လန်ဒန်မြို့၏ အစည်ကားဆုံးဈေးဝယ်ဧရိယာတွင် စက်ရုံတစ်ခုတည်ပြီး၊ လူအများရှေ့၌ သူပိုင်ဆိုင်သည့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အဝတ်အစား၊ အနုပညာလက်ရာများ၊ ချစ်ရေးချစ်ရာစာများနှင့် သူ၏ကားကိုပင် ချိုးဖျက်ကာ ကြိတ်စက်ထဲ ပစ်ထည့်ခဲ့သည်။ အနီးအနားရှိ ကုန်တိုက်နှင့်ဆိုင်များ၌ စျေးဝယ်သူများ ဝင်ထွက်သွားလာနေချိန်တွင် လန်ဒီက “မိမိ၏ပိုင်ဆိုင်မှုများမရှိဘဲ ကျွန်ုပ်တို့သည် မည်သူများဖြစ်ကြသနည်း”ဟုမေးပြီး၊ ဖျော်ဖြေမှုများ တင်ဆက်ခဲ့သည်။

ဤမေးခွန်းသည် အရေးကြီးသည်။ အကြောင်းမှာ ကျွန်ုပ်တို့အများစုသည် မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် (သို့) မိမိတို့၏အနာဂတ်ကို လုံခြုံစေရန် ပစ္စည်းများကို ဝယ်ယူကြသောကြောင့် ဖြစ်သည်။ စည်းစိမ်များကို သိုလှောင်၍ ပစ္စည်းဝယ်သူတို့၏ပုံစံအတိုင်း အသက်ရှင်သူတစ်ဦးကို ဥပမာပေး၍ သခင်ယေရှု မိန့်ကြားရာ၊ ထိုသူသည် သူ့ကိုယ်ကိုယ် “အချင်းဝိညာဉ်၊…

ယေရှုခရစ်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း

နွေရာသီနှင့်ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများသို့ လူငယ်သတင်းထောက်တစ်ဦးအဖြစ် သွားရောက်ခဲ့ရချိန်၌ ပြိုင်ပွဲများကို ကြည့်ရှုပြီး အားကစားသမားများနှင့် တွေ့ဆုံရခြင်းဟူသည့် ကျွန်မ၏အိပ်မက် အမှန်ဖြစ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ မတူညီသောဘာသာစကားများ ပြောဆိုနေသူများ၊ ၎င်းတို့၏နိုင်ငံအသီးသီးအား ဂုဏ်ပြုသည်ကို ကြည့်ရှုရင်း ကျွန်မနှစ်သက်ကြည်နူးခဲ့သည်။

ဆယ်ကျော်သက်အရွယ်ကပင် အိုလံပစ်ပြိုင်ပွဲများကို ကျွန်မစိတ်ဝင်စားခဲ့ပြီး၊ ၎င်းသည် စွဲလမ်းမှုတစ်ခုဖြစ်လာခဲ့သည်။ သို့နှင့် နွေရာသီအိုလံပစ်ပြိုင်ပွဲတစ်ခု၌ ရောက်ရှိသတင်းယူနေစဥ် ဘုရားသခင်၏နောက်တော်သို့လိုက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အားကစားဟူသည့် စွဲလမ်းမှုကို စွန့်လွှတ်ရန် ဘုရားသခင်တောင်းဆို သည်ဟု ခံစားခဲ့ရသည်။ သို့သော် ကျွန်မသည် နိုင်ငံများကို ချစ်မြတ်နိုးဆဲ၊ အိုလံပစ်ပြိုင်ပွဲများ ကြည့်ရခြင်းကို နှစ်သက်နေဆဲပါ။ သို့ငြားလည်း၊ မတူညီသော နောက်ခံများနှင့် နိုင်ငံအသီးသီးမှလူတို့ ဘုရင်တကာတို့၏ဘုရင်အား ဆုတောင်းလျက် ကိုးကွယ်ဝတ်ပြုရန် အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ် (သို့) ဆုတောင်းပွဲသို့ စုရုံးလာချိန်တွင် အမှန်ပင် ကျွန်မစိတ်လှုပ်ရှားခဲ့ရပြီး၊ ၎င်းသည် ကောင်းကင်နိုင်ငံ၏ချိုမြိန်သောအရသာကို ကမ္ဘာမြေ၌ မြည်းစမ်းရခြင်းပင်(ဗျာ ၇:၉)။

ခရစ်တော်၌ မိမိမည်သူမည်ဝါဖြစ်ကြောင်း…

ဘုရားသခင်အတူပါရှိမှုကို သတိပေးသည့်အရာ

ကယ်လီဖိုးနီးယားပြည်နယ်ရှိ “ယောရှုသစ်ပင်အမျိုးသားဥယျာဉ်”၌ တောင်တက် ခရီးထွက်စဉ် ကောင်းကင်သို့ လက်မြှောက်သည့်ပုံစံဖြင့် အထက်သို့ရွယ်နေသော ပိန်လှီသည့် အကိုင်းအခက်များနှင့် ထူးခြားသော သစ်ပင်များကို ကျွန်မတို့မြင်တွေ့ခဲ့ပြီး ၎င်းတို့ကို စိတ်ဝင်စားမိခဲ့သည်။ ယောရှုမှတ်စာတွင် ဘုရားသခင် အတူပါရှိမှုနှင့် ကူညီမစမှု၏လက္ခဏာအဖြစ် ယောရှုသည် လှံတံကို မြှောက်ထားခဲ့သည့် ဓမ္မဟောင်းကျမ်းဇာတ်လမ်းကို အမှတ်ရလျက်၊ ထိုဒေသသို့ ကနဦးဝင်‌ရောက်အခြေချသူများက ဤသစ်ပင်ကို “ယောရှုသစ်ပင်”ဟု အမည်ပေးခဲ့သည်ဟု လူများစွာက ယုံကြည်ကြသည်။

ခါနာန်ပြည်သို့ ဝင်ရောက်ပြီးနောက် ဣသရေလလူမျိုးတို့သည် စစ်ပွဲ၌ ဘုရားသခင်၏မစမှုကို လိုအပ်ခဲ့သည်။ ၎င်းတို့၏အပြစ်ကြောင့် အာဣမြို့စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် (ယောရှု ၇:၁၁-၁၂)၊ သူတို့သည် ထိုမြို့ကို ထပ်မံတိုက်ခိုက်ရန် ကြောက်ရွံ့ခဲ့ပုံရသည်။ သို့သော် ဘုရားသခင်က ယောရှုအား “မကြောက်နှင့်၊ စိတ်မပျက်နှင့်” ဟု ခွန်အားပေးခဲ့သည် (၈:၁)။ ထို့နောက် “သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု…